Monday, January 7, 2013

ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ကိုရီးယားဖျော်ဖြေပွဲ

ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ကိုရီးယားဖျော်ဖြေပွဲ
http://www.myanmar.mmtimes.com/2011/timeout/520/time02.html
ငြိမ်းအိအိထွေး-အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)
TALအဖွဲ့ရဲ့ ဖျော်ဖြေမှု ပြကွက်တစ်ကွက်။ ဓာတ်ပုံ - ကောင်းထက်
တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ တိုက်ကွမ်ဒိုနဲ့ ခေတ်ပေါ်အက ပေါင်း စပ်ထားတဲ့ TALအဖွဲ့ဟာ သူတို့ရဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာလှည့်ဖျော် ဖြေရေး ခရီးစဉ်အဖြစ် မေလ ၂၉ ရက်နေ့က မြန်မာနိုင်ငံအမျိုးသား ဇာတ်ရုံမှာ ကပြပြီး ပရိသတ်တွေရဲ့ ၀က်ဝက်ကွဲ အားပေးမှု လက်ခုပ် သံကို လက်ခံရရှိခဲ့ပါတယ်။
မြင်နေကျတိုက်ကွမ်ဒိုပြကွက်ဟန် ပန်တွေနဲ့ မတူဘဲ ဇာတ်လမ်းဇာတ် ကွက်ပေါ်အောင် ဖန်တီးထားတဲ့ TAL အဖွဲ့ရဲ့ ဖျော်ဖြေမှုအဖွင့်က ရှေး ခေတ်ဝတ်စုံဝတ် တိုက်ကွမ်ဒို ဆရာကြီးနဲ့ တပည့်ကျော် နှစ်ယောက်၊ နောက် တန်ခိုးရှိတဲ့ ဓာတ်လုံး၊ တန်ဖိုးရှိတဲ့ ခါးစည်းခါးပတ်ဖြူနဲ့ အတူ တိုက်ကွမ်ဒိုလောကရဲ့ အတော်ဆုံးလို့ သတ်မှတ်နိုင်တဲ့မျက်နှာဖုံးနဲ့ စတင်ပါတယ်။
ဒေါသပြင်းပြင်းနဲ့ တပည့်ကျော်က အနီရောင်ဝတ်စုံ၊ အနီရောင်အဖွဲ့ကို ကိုယ်စားပြုပြီး အပြာရောင်ဝတ်စုံဝတ် အဖွဲ့ကတော့ ဆရာကြီး ရဲ့ခါးပတ်ဖြူ ချီးမြှင့်ခြင်းခံရသူပါ။ ဒါကိုမကျေနပ်တဲ့ အနီရောင်ဝတ်လူစုက မျက်နှာဖုံးကို ရအောင်ယူသွားသလို အပြာ ၀တ်လူငယ်ကို လည်း ဒဏ်ရာအနာတရဖြစ်အောင် လှပတဲ့ တိုက်ကွမ်ဒိုတိုက်ကွက်တွေနဲ့ ဖန်တီးသွားပါတယ်။
ဒါပေမယ့် နောက်ဆုံး မှာတော့ နှစ်ဖွဲ့စလုံး အပြန်အလှန်နားလည်မှုရပြီး ငြိမ်းချမ်းသွားတဲ့ ဇာတ်သိမ်းခန်းနဲ့ အဆုံး သတ်သွားပေမယ့် ကြားချိန်တွေမှာ တစ်ဖွဲ့ချင်းစီရဲ့ တိုက်ကွမ်ဒိုစွမ်းရည်၊ ကိုရီးယားမိန်းမငယ်လေးတွေရဲ့ ယပ်တောင်အကအလှအပြင် ဇာတ်ဝင်ခန်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်ချိန်မှာ ပါဝင် ကပြတဲ့ ခေတ်ပေါ်ဘီဘွိုင်းအကတွေကလည်း ကပြချိန်တစ်နာရီခွဲသာသာ အတွင်းမှာပရိသတ် မျက်တောင် မခတ် နိုင်အောင် ဖမ်းစားခဲ့ပါတယ်။ "ကပြသူတွေ မျက်နှာဖုံးတပ်ရတဲ့ အကြောင်းရင်းက ကိုရီးယားနိုင်ငံရဲ့ ရိုးရာဓလေ့ ကြောင့်ပါ။ အဓိပ္ပာယ်က မျက်နှာဖုံးအောက်မှာ ဘယ်လိုဒေါသ ထွက်ဝမ်းနည်း၊ ပူလောင်မှုတွေရှိပေမယ့် အဖွဲ့ဝင်တွေ အကုန်လုံး တစ်သားတည်း ပြုံးရယ်ပျော်ရွှင်နေတဲ့၊ တစ်စိတ်တည်း တစ်ဝမ်းတည်းဆိုတဲ့သဘောကို ဖော် ဆောင်တာပါ"လို့ ကိုရီးယားတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာဟွန်ဂျွန်ဖြိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ရှေးဟောင်းကိုရီးယားရိုးရာ တိုက် ကွမ်ဒိုတိုက်ကွက်တွေရဲ့မူကို မပျောက် စေဘဲ ခေတ်ပေါ်ကကွက်တွေကို ပေါင်း စပ်ရတဲ့အတွက် ပရိသတ်လက်မခံမှာ အရမ်းကို စိတ်ပူရပါတယ်။ အခုတော့ ကိုရီးယားနိုင်ငံအပြင် ပရိသတ်တော်တော် များများကပါ လက်ခံအားပေး ကြတဲ့ အတွက် ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျွန်တော်တို့လိုပဲ ခေတ်ပေါ်နဲ့ ရှေး ဟောင်းတိုက်ကွက်တွေ တီထွင်စမ်းသပ် နိုင်တဲ့ အခွင့်အရေးကို မြန်မာလူမျိုးတွေ လည်း တစ်နေ့ လုပ်နိုင်မှာ သေချာပါ တယ်"လို့ ပြောပါတယ်။ အဖွဲ့ဝင်ပေါင်း ၄၀ နီးပါးရှိတဲ့ TAL ကမ္ဘာလှည့်ဖျော်ဖြေတဲ့ တိုက်ကွမ်ဒိုအက အဖွဲ့ဟာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာသွား ရောက်ဖျော်ဖြေခဲ့ပြီး အခု ၂၀၁၁ ခုနှစ် မှာ ဗီယက် နမ်၊ ထိုင်း၊ စပိန်နဲ့ ပြင်သစ် စတဲ့ နိုင်ငံတွေကို သွားရောက်ဖို့ လျာထား တယ်လို့ သိရပါတယ်။

No comments:

Post a Comment