Monday, January 7, 2013

ODC perform in Yangon

ODC perform in Yangon
By Yadana Htun(Volume 26, No. 510)
http://mmtimes.com/2010/timeout/510/tm51001.html
OBERLIN Dance Company from the US performed a series of contemporary dances at the American Club in Mayangone township on February 9.
The group’s performance covered three themes: “Origins of Flight”, “Something About Nightingales” and “24 Exposures”.
The first theme was performed mostly by dancers Daniel Santos and Anne Zivolich, and was commissioned by Evelyn Feintech in memory of her husband, Norman. It sought to convey the power, joy and pathos of a long and generative relationship.
In “Something About Nightingale”, the group presented a dance inspired by nature.
“24 Exposures” highlighted the trajectory of the company’s 30 year artistic evolution from everyday movements to virtuosic dancing.
Before the end of the concert, the company of ten dancers (five men and five women) also danced kabyarlut, some of the basic elements of Myanmar traditional dance, which the company learned during their stay in Mandalay where they performed on February 5.
“Myanmar traditional dance is very particular and very beautiful, like a beautiful flower. Every movement is special and hard. The dancing looks like your letters as the way you write is round,” said Ms Brenda Way, founder of the ODC dance company.
“Myanmar traditional dance is particular in hands but our dance is in the feet. In our dancing, the movement of the arms is throw-away style. We have two very interesting traditions: flamboyant and precious like jewels,” she added.
During their stay in Yangon the dance company also met with students from Gitameit Music Centre, holding workshops. Before its arrival in Myanmar, the company performed in Indonesia.
Members of the ODC dance company perform at the American Club, Yangon on February 9. The company also took the time during their stay in Mandalay to learn the basics of Myanmar traditional dance. Pic: Aye Zaw Myo
--------------------------------------------------------------------------------------------
ရိုးရာအကကို တန်ဖိုးထားဖို့ အသိပေးခဲ့တဲ့ အိုဒီစီ
ရတနာထွန်း-အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၃)
http://www.myanmar.mmtimes.com/2010/timeout/453/to04.html
သူတို့ရဲ့ ကိုယ်နေဟန်ထားက ကြွက်သားတွေကြောင့် ကျစ်လျစ်သန်မာ နေပါတယ်။ ကကွက်တွေကို ဖော်ထုတ် ကပြတဲ့အခါမှာ အဲဒီသန်မာမှုကို ကောင်းကောင်းအသုံးချပြီးပျော့ပြောင်းတဲ့ ကကွက်တွေအဖြစ် အသွင် ပြောင်း လိုက်တဲ့အခါမှာ ဒီနေ့ အမေရိကမှာ နာမည်ကြီးနေတဲ့ အိုဒီစီ အကကုမ္ပဏီ ကိုနာမည်ကျော်ကြားစေတဲ့မူပိုင်ကဟန်တွေဖြစ်လာစေပါ တယ်။
ရိုးရာ ဘဲလေးအကကို အခြေခံတဲ့ မော်ဒန်အကတွေကို တစ်ဦးချင်းစီရဲ့ အရည်အချင်း၊ အဖွဲ့လိုက်ညီညွတ်မှုနဲ့ကပြတဲ့ အိုဒီစီအဖွဲ့ရဲ့ ဖျော်ဖြေမှု ကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေခင်းက အမေရိကန်ကလပ်မှာ မြန်မာ ပရိသတ်တွေ ကြည့်ရှုခံစားခဲ့ရပါတယ်။
စ စချင်းမှာတော့ အိုဒီစီရဲ့ ကကွက်ကဟန်တွေက ဒီကပရိသတ်နဲ့ လုံးဝ အစိမ်းသက်သက်ပါပဲ။ သူတို့ ဘာကို ဖော်ပြချင်တယ်ဆိုတာကို ကကွက် တွေနဲ့အတူလိုက်ပါစီးမြောရင်းနဲ့မှ တဖြည်းဖြည်းခံစားမိတာပါ။ အဆွဲ၊ အသိမ်း၊ အပင့်၊ အကျတွေနဲ့ ကကွက်တွေက အားမာန်ပါသလို ကဖော်ကဖက်နဲ့ အချိတ်အဆက်မိဖို့ စိတ်ခံစားမှုကိုလည်း အစွမ်းကုန်နှစ်ထားရပုံပါပဲ။
ယောက်ျားလေး ငါးယောက်၊ မိန်းကလေးငါးယောက်ပါဝင်တဲ့ အိုဒီစီအက အဖွဲ့ထဲကDaniel နဲ့ Anne တို့ကို အဓိကထားပြီး ကပြခဲ့ တဲ့ Origins of Flight မှာဆိုရင် လင်မယားနှစ်ဦးအတူပေါင်းသင်းခဲ့စဉ်ကအမှတ်ရစရာတွေကို အဓိကအကပညာရှင်နှစ်ဦးရဲ့ကကွက် တွေနဲ့အတူ နောက်ခံအခုန်၊ အကျကကွက်တွေရဲ့ပံ့ပိုးမှုနဲ့ ပုံဖော်ထားပါတယ်။
ကပွဲညကတင်ဆက်တဲ့ကကြိုးသုံးခုထဲကဒုတိယတစ်ခုဖြစ်တဲ့ Something about Nightingale မှာတော့တေးဆိုငှက်လေးရဲသဘာဝ ကို လှုပ်ရှားမှုသွက်သွက်တွေနဲ့ပုံဖော်သွားပါတယ်။ သဘာဝဆန်မှုကို သရုပ်မှန်တင်ဆက်ကပြတဲ့အခါ လက်တွေရဲ့ လှုပ်ရှားမှု၊ ခြေ ထောက်တွေရဲ့ အရွှေ့အပြောင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှကိုင်ထိန်း ကပြသွားတာကို ပရိသတ်တွေ အကြိုက် တွေ့ မဆုံးဖြစ်ခဲ့ပါတယ်။
တတိယပိုင်းဖြစ်တဲ့ 24 Exposures မှာတော့ နေ့စဉ်လှုပ်ရှားမှုတွေကနေ ထူးခြားဆန်းပြားတဲ့ကကွက်တွေ ဖန်တီး ကပြလို့ ရနိုင်တယ် ဆိုတာကို ခန္ဓာကိုယ် အတိမ်းအယိမ်း၊ အရွေ့၊ အစောင်းတွေ နဲ့ ကပြပါတယ်။
ဒီထက်ပိုပြီး ပရိသတ်ကို ကျေနပ်အားရစေတာက မန္တလေးမှာ သွားဖျော်ဖြေခဲ့တုန်းက သင်ယူခဲ့တဲ့ ကဗျာလွတ်အကကို မြန်မာအက ဆရာမနဲ့အတူ ကပြဖျော်ဖြေသွားတာပါပဲ။ သူတို့ပင်ကို ဟန်တွေမပျောက်ပေမယ့် မြန်မာအကကို ကြိုးစားကပြ သွားကြပါတယ်။ 'ကျွန်တော် ဒယ်နီရယ်ပါ' 'ကျွန်မ ဗန်နစ်ဆာပါ' လို့ တစ်ယောက်ချင်း မြန်မာလို ပီပီသသကြီး နှုတ်ဆက်လို့ ပွဲသိမ်းခဲ့ပေမယ့် သူတို့ မိတ်ဆက်ခဲ့တဲ့ ခေတ်ပြိုင်ကဟန်တွေက ပရိသတ် ရင်မှာကျန်ရစ်ရှင်သန်နေခဲ့ပါပြီ။ အိုဒီစီရဲ့ဖျော်ဖြေပွဲမှာခေတ်ပြိုင်အကို မြန်မာလူထု ကြားမှာ အစပျိုးနိုင်ခဲ့သလို မမေ့အပ်တဲ့ ရိုးရာအကတွေကိုလည်း တန်ဖိုး ထားထိမ်းသိမ်းကြဖို့ သူတို့ရဲ့ကဗျာလွတ်ကဟန်တွေကနေ တစ်ဆင့် သတိပေးခဲ့တယ်ဆိုတာမြင်သာစေခဲ့ပါတယ်။

No comments:

Post a Comment