Showing posts with label Religious. Show all posts
Showing posts with label Religious. Show all posts

Monday, January 7, 2013

ဦးဂိုအင်ဂာာ၏ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ

ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ဂာာ၏ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဓမ္မဟောပြောပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့၂၀၁၂ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ဂာာ၏ ဓမ္မဟောပြောပွဲသို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ ပရိတ်သတ် ၃ ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရပြီး ည ၈နာရီ ၀န်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ဓမ္မဟောပြောပွဲတွင် ဆရာကြီး ဦးဂိုအင်ကာမှ ၀ိပဿနာတရားအားထုတ်ခြင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောပရိတ်သတ်များမှ မေးမြန်းသော မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။