Showing posts with label Law. Show all posts
Showing posts with label Law. Show all posts

Tuesday, July 30, 2013

တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇။)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)
နိဒါန်း
ပြည်ထောင်စုလွှတ်တော်သည် တရားရုံး၏ မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေး၊ တရားရုံး၏ ဂုဏ်သိက္ခာနှင့် အများပြည်သူ ယုံကြည် ကိုးစားမှုကို မထိခိုက်စေရေးတို့အတွက် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်
၁။
ဤဥပဒေကို တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေဟု ခေါ်တွင်စေရမည်။
၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)

တရားရုံး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၃ ပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းသည့် အောက်ပါ တရားရုံးများကို ဆိုသည်-


(၁)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရား ရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ၊


(၂)
စစ်ဘက်ဆိုင်ရာတရားရုံးများ၊


(၃)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး။

(ခ)

တရားရုံးများကို မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကိုဆိုသည်။
 
(ဂ)
တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သော ဆင့်စာကို တမင်သက်သက် မလိုက်နာခြင်းကို ဆိုသည်။

(ဃ)
ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ အောက်ပါ အပြုအမူ တစ်ခုခုအတွက် အကြောင်းအရာတစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ် သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့် ဖြစ်စေ၊ တမင်ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်-


(၁)

တရားရုံး၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း သို့မဟုတ် သေးသိမ်ရန် ဖြစ်တန်စေခြင်း၊


(၂)

တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊


(၃)

မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်း စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊


(၄)

တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာ အဆုံးအဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။

(င)

တရားလွှတ်တော်ဆိုသည်မှာ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်ကို ဆိုသည်။
အခန်း(၂)
စီရင်ပိုင်ခွင့်နှင့် အရေးယူပိုင်ခွင့်
၃။

တရားလွှတ်တော်သည် တရားရုံးကို မထီမဲ့မြင်ပြုမှုအား ဤဥပဒေအရ စစ်ဆေးစီရင် ပိုင်ခွင့်ရှိသည်။
၎။
တရားလွှတ်တော်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ဘက်ဆိုင်ရာ တရားရုံး သို့မဟုတ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို မထီမဲ့မြင်ပြုမှုအတွက် သက်ဆိုင်ရာ တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ လျှောက်ထားချက်အရ အရေးယူ ပိုင်ခွင့်ရှိသည်။
၅။
တရားလွှတ်တော်သည်-

(က)
မိမိသဘောအလျောက်ဖြစ်စေ၊

(ခ)
နစ်နာသူအမှုသည် တစ်ဦး၏ လျှောက်ထားချက်အရဖြစ်စေ၊

(ဂ)

အခြားနည်းအရဖြစ်စေ၊ တရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုအား အရေးယူပိုင်ခွင့် ရှိသည်။ သို့ရာတွင် ကျူးလွန်ကြောင်း စွပ်စွဲထားသည့် မထီမဲ့မြင်ပြုမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင်ပြုမှု ဖြစ်ပါက အရေးယူခွင့် မရှိစေရ။
၆။
တရားလွှတ်တော်သည်-

(က)
တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကို တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက် ရမည်။

(ခ)

ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်ရမည်။
အခန်း(၃)
ကင်းလွတ်ချက်များ
၇။

ဆောင်ရွက်ဆဲ တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန် တိကျခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတ ဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားတစ်နည်း နည်းဖြင့်ဖြစ်စေ ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။
၈။

စစ်ဆေးကြားနာ၍ အပြီးသတ် အမိန့်ချမှတ်ထားပြီးဖြစ်သည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ အရည်အသွေးအပေါ် မျှတစွာ သုံးသပ်ချက် သို့မဟုတ် ဝေဖန်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။
၉။

ဤဥပဒေတွင် မည်သို့ပါရှိစေကာမူ အောက်ဖော်ပြပါ အကြောင်းအရာများမှအပ အများပြည်သူ ဝင်ရောက်ခြင်းကို ကန့်သတ် ထားသော သီးသန့်ရုံးခန်း၌ ဆောင်ရွက် သည့် တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံသော အစီရင်ခံစာကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရ-

(က)

တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊

(ခ)

အများပြည်သူဆိုင်ရာ မူဝါဒအရဖြစ်စေ၊ အပ်နှင်းထားသော အခွင့်အာဏာ များကို ကျင့်သုံး၍ ဖြစ်စေ၊ တရားရုံးက အတိအလင်း တားမြစ်ပိတ်ပင် ထားသည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ သတင်းအချက်အလက်များနှင့် သရုပ်ဖော်ပြချက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊

(ဂ)
တရားစီရင်သော မှုခင်းတစ်ရပ်တွင် အငြင်းပွားလျက်ရှိသော လျှို့ဝှက် ထားရမည့် လုပ်ငန်းစဉ် စူးစမ်းရှာဖွေတွေ့ရှိချက် သို့မဟုတ် တီထွင်မှု စသည် တို့နှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း။
အခန်း(၄)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၁ဝ။

မည်သူမဆို တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက် မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၁၁။

မည်သူမဆိုတရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ကျပ်တစ်သိန်း ထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ် ချမှတ်ရုံမျှဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမှတ်နိုင်သည်။
အခန်း(၅)
အယူခံဝင်ခွင့်
၁၂။

တရားလွှတ်တော်သည် တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်သူက သော်လည်းကောင်း၊ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်သူက သော်လည်းကောင်း ကျေနပ်လောက်အောင် ဝန်ချတောင်းပန်လျှင် ထိုသူအား သတိပေးပြီး အပြစ်မှ လွှတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုနိုင်သည်။
၁၃။

တရားရုံးကို မထီမဲ့မြင်ပြုမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော်က ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ပြည်ထောင်စု တရားလွှတ်တော် ချုပ်သို့ အယူခံဝင်ခွင့်ရှိသည်။
အခန်း(၆)
အထွေထွေ
၁၄။

တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောနေ့မှစ၍ တစ်နှစ်အတွင်း အမှုကိုစွဲဆိုရမည်။ သတ်မှတ်ထားသော ကာလထက် ကျော်လွန်ပါက မည်သည့်တရား လွှတ်တော်ကမျှ အဆိုပါအမှုကို အရေးယူ ဆောင်ရွက်ခြင်းမပြုရ။
၁၅။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၁၆။
The Contempt of Courts Act  ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ် ရေးထိုးသည်။       
(ပုံ)သိန်းစိန်                
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Wednesday, July 17, 2013

နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုများကို တရားစွဲဆိုခြင်း

ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ၊ စစ်အောင်သူတွေရဲ့ ပါဝါဟာ  ဥရောပ၀င်ရိုးက အဓိက စစ်ရာဇ၀တ်ကောင်တွေ အတွက်             နုရင်ဘတ်နိုင်ငံတကာ စစ်ခုံရုံး နဲ့ အရှေ့အာရှက အဓိကစစ်ရာဇ၀တ်ကောင်တွေအတွက် တိုကျိုစစ်ခုံရုံးကို တည်ထောင်လိုက်တယ်။ ခုံရုံးနှစ်ခုဟာ ငြိမ်းချမ်းရေးကို ပြိုကွဲအောင်လုပ်တဲ့ တသီးပုဂ္ဂလရာဇ၀တ်မှု၊ စစ်ရာဇ၀တ်၊ လူသားဆန်မှု ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုတယ်။ နုရင်ဘတ်ခုံရုံးက တရားခံ၁၂ယောက်ကို သေဒဏ်၊ ၅ယောက်ကို တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်။ တိုကျိုခုံရုံးက ရယောက်ကိုသေဒဏ်၊ ၅ယောက်ကို တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်။ တစ်ချို့အတွက်ကတော့ ခုံရုံးတွေရဲ့ ရည်ရွယ်ချက်က မဟာမိတ်တပ်ဟာ ဖက်ဆစ်တွေထက်ပိုကောင်းကြောင်း ၊ပညာရေးရည်ရွယ်ချက်ကို ပိုထိန်းသိမ်းစောင့်ရှောက်ကြောင်းပြဖို့ရာ ထုတ်ဖော်ပြသဖို့ ပဲလို့ယူတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုံးရုံးကို တစ်ခြားလမ်းကြောင်းကနေလည်းရှုမြင်လို့ရတယ်။ ရှုထောင့်တစ်ခုကနေ ပြနေတာက ခုံရုံးက စစ်အောင်နိုင်သူတွေရဲ့ တရားမျှတမှုကို ကိုယ်စားပြုတယ်။ စစ်ရာဇ၀တ်မှုတွေကို မဟာမိတ်တပ်တွေ လည်း ကျူးလွန်ကောင်းကျူးလွန်နိုင်ပေမယ့် ခုံရုံးတရားစီစစ်မှုကို ကျော်လွှားနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ လူသားဆန်မှု ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကတော့ မသေချာမရေရာတဲ့ ဥပဒေနောက်ခံအခြေအနေတွေပေါ်မှာ တည်ဆောက်ပြီး လုပ်နေရပုံပေါ်ပါတယ်။                                                                                                                                           
 နောက်ထပ်ရှုထောင့်တစ်ရပ်ကနေကြည့်မယ်ဆိုရင် နုရင်ဘတ်စီရင်ချက်ဟာ နိုင်ငံတကာဥပဒေနဲတသီးပုဂ္ဂလ အပေါ်၎င်းရဲ့ အကျိုးသက်ရောက်မှု ပတ်သတ်ပြီး တွေးခေါ်မှုပုံစံအသစ်တစ်ခုကို ဦးဆောင်လိုက်တယ်။ တရားခံတွေကို စစ်ခုံရုံးတွေကနေလုပ်ထားတဲ့ တရားမျှတမှုအထွေထွေနိယာမကနေ တစစီလိုက်ကောက်ထားတဲ့ ဥပဒေ ၀ါ နိုင်ငံတကာ စစ်ဥပဒေကို အကြမ်းဖက်ခဲ့သူတွေ အဖြစ်မြင်နိုင်တယ်။ ခုံရုံးက“  ဤဥပဒေသည် တည်ငြိမ်နေမည်မဟုတ်၊ သို့သော်  ပြောင်းလဲနေသောကမ္ဘာကြီးနှင့်အတူ လိုက်လျောညီထွေဖြစ်ရန် ခံယူနေမည်ဖြစ်သည်” လို့ ကြေညာတယ်။ ခုံရုံးက ဒီဥပဒေ ဟာ နိုင်ငံများရဲ့ တာဝန်ဆိုတဲ့အသိ  ဒါမှမဟုတ် တစ်သီးပုဂ္ဂလ နိုင်ငံတော်နဲ့ ပတ်သတ်တဲ့ အစဉ်အလာအသိကို မေးခွန်ထုတ်နိုင်အောင် လုပ်ပေးနိုင်တဲ့ အသိတွေကို ပေးဖို့ပျက်ကွက်ခဲ့တယ်။ အထက်ပါဥပေဒကြောင့်တစ်သီးပုဂ္ဂလ လူသားဟာ “နိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုဟာ  နိုင်ငံတော်ဆိုတဲ့ ဒြပ်မဲ့အရာက လုပ်တာမဟုတ်ဘဲ လူတွေကသာလုပ်တာဖြစ်ကြောင်း၊ အဲဒီလိုလုပ်တဲ့ တစ်သီးပုဂ္ဂလလူသားကို အပြစ်ပေးခြင်ဖြင့်  နိုင်ငံတကာဥပဒေကို အားဖြည့်ပေးရာကြကြောင်း ”အသိကို မပေးနိုင်ခဲ့ဘူး။ ဒါအပြင် ရာဇ၀တ်ပြစ်မှုကို အမျိုးအစားခွဲရာမှာ “ လူသားဆန်မှုကို ဆန့်ကျင်တဲ့ ဥပဒေ”လို့ ခွဲခြားခြင်းဟာ  နောက်ဆုံးမှာ  နိုင်ငံတကာကတိက၀တ်တွေဟာ လူသားတန်ဖိုးဆိုတာကြောင့် တသီးပုဂ္ဂလလူသားနဲ့ သက်ဆိုင်တယ် ဆိုတဲ့ အတွေးအခေါ်မှာသာ စွဲမြဲသွားစေတယ်။  နိုင်ငံတကာ ကတိက၀တ်တွေကနေ တကယ်ရည်၇ွယ်ပြီးလုပ်ပေးတဲ့  တသီးပုဂ္ဂလလူသားရဲ့နိုင်ငံသားဘ၀ ကို ကာကွယ်ပေးတာ ၊ အင်အားနည်းနိုင်ငံတွေ ဗရမ်းဗတာဖြစ်သွားမယ့်အခြေအနေကနေ ကာကွယ်ပေးတာ ဆိုတဲ့ အတွေးအခေါ်တွေ ပျောက်သွားတယ်။                                                                                                                                    
 နိုင်ငံတကာဥပဒေမှာ လူသားဆန်မှုကို ဆန့်ကျင်တဲ့ အယူအဆကို  အာမေးနီယန်းအရေးနဲ့ပတ်သတ်ပြီး ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်နဲ့ ရုရှတို့ရဲ့ ၁၉၁၅ ပူးတွဲ ကြေညာစာတမ်းဆီ ပြန်ခြေရာကောက်နိုင်တယ်။ သံတမန်ရေးဖလှယ်မှုမှာ ပြနေတာက မူလရုရှရဲ့ ကြေညာစာတမ်းမူကြမ်းက  “ခရစ်ယန်နဲ့ မြို့ပြယဉ်ဖွံ့ဖြိုးမှုကိုဆန့်ကျင်တဲ့“ ရာဇ၀တ်ပြစ်မှုတွေကို ရည်ညွန်းတယ်။ ပြင်သစ်က  ပြင်သစ်နဲ့ ဗြိတိန်လက်အုပ်ချုပ်မှုလက်အောက်က မူဆလင်လူထုကို သူတို့ရဲ့ ပါဝါနှစ်ခု အကျိုးအမြတ်ကိုကြည့်ပြီး ထည့်သင့်ကြောင်း မူစလင်လူထုသာမပါရင်  ခရစ်ယန်တွေအနေနဲ့ ခြိမ်းခြောက်ခံရနိုင်တဲ့ အတွက် စိုးရိမ်ပူပန်တယ်။  ဗြိတိန်ကလည်း အထက်ပါ စကားစုကို ဖြုတ်သင့်ကြောင်းသဘောတူတယ်။  အာမေးနီးယန် တွေက ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနကို “ လူသားဆန်မှုကို  ချစ်မြတ်နိုးရန်အတွက်” လို့ ထည့်ဖို့ ရန်တောင်းဆိုတယ်။ ခရစ်ယန်ဆိုတာကို ဖြုတ်ပြီး လူသားဆန်မှု နဲ့ ရုရှက အစားထိုးလိုက်တယ်။ နောက်ဆုံးကြေညားစာတမ်းမှာတော့ နေရာနဲ့ အခြေအနေကိုတိတိကျကျဖော်ပြပြီး “ လူသားဆန်မှုနဲ့ မြို့ပြဖွံ့ဖြိုးမှုကို ဆန့်ကျင်သော တူရကီတို့ရဲ့ ရာဇ၀တ်ပြစ်မှုအတွက်” လို့ ဖော်ပြပြီး မဟာမိတ်အစိုးရများက “ ဤကဲသို့ရှုပ်ထွေးသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု“အတွက် “ပုဂ္ဂလိကတာဝန် ယူမှု ကိုင်စွဲသွား” မယ်၊ ၁၉၂၀မှာ မဟာမိတ်တပ်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ခံယူထားသူတွေကို သူတို့ဆီ အင်းအားသုံးဝင်မလာဖို့ ပဠိညဉ်စာချုပ်ထဲမှာပါတဲ့အတိုင်း လွဲပြောင်းပေးမယ်လို့ ကတိပြုခဲ့တယ်။၁၉၂၃ ငြိမ်းချမ်ရေး စာချုပ်ပါအချက်ရ ကြေအေးမှုပေးလိုက်တယ်။                         
 “လူသားဆန်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု”အမျိုးအစားတစ်ရပ်ကို ၁၉၄၅နုရင်ဘတ်ချာတာမှာ ဂျာမန်တွေက သူတို့ရဲ့ ဂျာမန်နိုင်ငံသားတွေကို ညှင်ပန်းနှိပ်စက်ရေးစခန်းကို ပို့ခဲ့ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုတွေနဲ့ ပတ်သတ်ပြီးတရားစွဲ ဆို ဖို့ အသုံးပြုခဲ့တယ်။ အဲဒီကာလ နိုင်ငံတကာ စစ်ခုံရုံးဥပဒေအောက်မှာ  အစိုးရတစ်ရပ်ဟာ သူရဲ့ကိုယ်ပိုင် နိုင်ငံသားတွေအပေါ် (သူတို့ ဘယ်လောက်ဆိုးဆိုး) ဆက်ဆံကြပုံ နည်းလမ်းတွေကို သူတို့ရဲ့ပြည်တွင်းတရား စီရင်ပိုင်ခွင့်ကိုတောင်မှ ဖယ်ချန်ပြီး (နိုင်ငံကာစိတ်ဝင်စားတဲ့ ပြဿနာရပ်ထက်ကျော်လွန်တဲ့)နိုင်ငံတကာ ဥပဒေအဖြစ်စဉ်စားခဲ့ကြတယ်။ ဒါကြောင့် လူသားဆန်မှုအပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှု အယူအဆကို နိုင်ငံတရားတရားစီရင်မှုရဲ့ အစိတ်အပိုင်းထဲ ပါဝင်လာအောင် အသုံးပြုကြခြင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မဟာမိတ်တွေ အနေနဲ့ အသေအချာ ဂရုတစိုက်လုပ်တာက လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုဟာ စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ အကြောင်းတရားထဲမှာ ပါဝင်တယ်ဆိုတာပါပဲ။ အဲဒီကာလမှာ    အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ကိုလိုနီနိုင်ငံတွေ သူတိုရဲ့ လက်အောက်မှာ နေထိုင်သူတွေအပေါ် နှိမ့်ချဆက်ဆံမှုတွေအတွက် အဲဒီလိုဆက်ဆံသူတွေအပေါ် တရားစွဲဆိုဖို့ရာ ဒီအယူအဆကို ချဲ့ထွင်လို့ မရဘူးဆိုတာပါပဲ။                                                    အထွေထွေညီလာခံကနေ ၁၉၄၈ ဒီဇင်ဘာ၉ရက်နေ့မှာ မျိုးဖြုတ်သတ်ဖြတ်မှုကို  ကာကွယ်ပေးခြင်းနဲ့ အပြစ်ပေးခြင်းကွန်ဗင်းရှင်းကိုခံယူပြီး  နုရင်ဘတ်ခုံရုံးမှာ အသုံးပြုခဲ့တဲ့ လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုအယူ အဆရဲ့ အကန့်အသတ်ကို ပြုပြင်ခဲ့တယ်။ ညီလာခံက  မျိုးဖြုတ်သတ်ဖြတ်မှုဟာ ငြိမ်းချမ်းရေးကာလမှာဖြစ်စေ၊ စစ်အတွင်းမှာဖြစ်စေ ကျူးလွန်ပါက နိုင်ငံတကာဥပဒေအရ ရာဇ၀တ်ပြစ်မှုမြောက်တယ်လို့ ကြေညာတယ်။  မျိုးဖြုတ်သတ်ဖြတ်မှုကို အစုတစ်စုလုံးကိုဖြစ်စေ ဒါမှမဟုတ် အစိတ်အပိုင်းအရဖြစ်စေ ၊နိုင်ငံအရဖြစ်စေ ၊ လူမျိုးစု ၊လူမျိုး နဲ့ ဘာသာရေးအုပ်စုကိုဖြစ်စေ ဖျက်ဆီးတဲ့ အောက်ပါအပြုအမူတွေကို ကျူးလွန်ရင် မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်တယ်လို့ ကြေညာတယ်။
(က) အုပ်စုတစ်စုရဲ့ အုပ်စုဝင်များကို သတ်ဖြတ်ခြင်း
(ခ)  အုပ်စုဝင်များရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းကို ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေခြင်း                                                  (ဂ)အသေအချာတွက်ချက်ပြီး အုပ်စုရဲ့ဘ၀အခြေအနေကိုနာကျင်စေခြင်း၊  အစိတ်အပိုင်း ဒါမှမဟုတ် အုပ်စုတစ်စုလုံး အရဖြစ်စေ       ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးစေခြင်း                                                                                                
(ဃ) အုပ်စုအတွင်း ကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ရှိရှိတားမြစ်ပိတ်ပင်ခြင်း                                                                
(င) အုပ်စုတစ်စုရဲ့ ကလေးတွေကို အခြားအုပ်စုဆီ အတင်းအဓမ္မပြောင်းရွေ့ခြင်း
              ပိုလန်က ဂျူးလူမျိုး ရှေ့နေ ရဖေးလမ်ကင် က ဒုတိယကမ္ဘာစစ် ဂျူးလူမျိုးတွေကို မျိုးဖြုတ်သတ်ဖြတ်မှု အဖြစ်  အပျက်နဲ့ ပတ်သတ်ပြီး တွေကြုံသိမြင်လာပြီးတဲ့နောက် ညီလာခံမှာ မျိုးဖြုတ်သတ်ဖြတ်မှုကို အပြစ်ပေးဖို့ နဲ့ ကာကွယ်ဖို့ရာ နိုင်ငံတွေကြားထဲ            ကတိက၀တ်ထားကို ထားကြဖို့အချက်ကို ထည့်သွင်းစေခဲ့တယ်။    အရေးကြီးတဲ့ အချက်က မျိုးဖြတ် သတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်တဲ့ အုပ်စိုးသူဖြစ်စေ ၊ ပြည်သူ့ဝန်ထမ်းဖြစ်စေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလလူသားတစ်ဦး ဖြစ်နေပါစေ  အပြစ်ပေး ခံရမယ်ဆိုတာပါပဲ။ နိုင်ငံတကာရာဇတ်ဝတ်မှု ခုံရုံးအတွက် တစ်ခုတည်းဦးတည်ပြီး ကိုင်တွယ်တာက လုံခြုံရေးကောင်စီဖြစ်ပြီးယခင် ယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါမျိုးဖြုတ် သတ်ဖြတ်မှုတွေကို ကိုင်တွယ်ခဲ့တယ်။                                                  ရ၀မ်ဒါ ၀န်ကြီးချုပ်ဟောင်း ယန်းကမ်ဘန်ဒါဟာ ”လူသားဆန်မှုကို ဆန့်ကျင်သောရာဇ၀တ်ပြစ်မှု” နဲ့ မျိုးဖြုတ်သတ်ဖြတ်မှုတွေအတွက် တသက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခံရတယ်။ဘော့စနီးယား ဆာ့ဘ်လူမျိုးစစ်တပ်အကြီး အကဲ  ရဒီစလပ်ကစ်စတစ်ကို ထောင်ဒဏ်၃၅နှစ်ချမှတ်လိုက်တယ်။  ဆရီဘရန်နီကာမှာ မျိုးဖြုတ်သတ်ဖြတ်မှုကို ကူညီဖို့ သူ့ရဲ့ အမိန့်နဲ့ လူ၈၀၀၀လောက်သေကြေသတ်ဖြတ်မှုအတွက် စစ်တပ်ကိုစေလွှတ်ကူညီလိုက်တဲ့ အတွက် ပါပဲ။                         လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုကို  လူ့အခွင့်အခွင့်အရေးနဲ့ ယေဘုယျအားဖြင့် ခြားနားတဲ့ အရာအဖြစ်နဲ့ မြင်ခဲ့၇င်တောင်မှ ယနေ့မှာဖြစ်ပေါ်နေတဲ့ မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ လူသားဆန်မှုကို ဆန့်ကျင်တဲ့ အခြားသော ရာဇ၀တ်ပြစ်မှုကို လူ့အခွင့်အရေးဇာတ်လမ်းတွေရဲ့  အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပိုတိုးပြီးမြင်လာကြပါပြီ။ ၁၉၉၁မှာ “ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇ၀တ်မှု” ဆိုတဲ့ ဝေါဟာရဟာ   နိုင်ငံတကာ ဥပဒေကော်မရှင်ရဲ့ “ လူသားလောက လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးကိုဆန့်ကျင်သော  ရာဇ၀တ်ပြစ်မှုများ ဥပဒေ” မူကြမ်း ပါအသုံး၊ လူထုတစ်ရပ်လုံးရဲ့” လူ့အခွင့်အရေး ကို စနစ်တကျ  ကြီးကြီးမားမား အကြမ်းဖက်ခြင်း” ဝေါဟာရနဲ့ ရောယှက်လာတယ်။ နောက်တော့ ကော်မရှင်က “လူသား ဆန်မှုကိုဆန့်ကျင်သော ရာဇ၀တ်မှု” လို့ ၁၉၉၆မှာ ပြောင်းလဲသုံးနှုန်းခဲ့တယ်။                                                                ဒီလို ဖွံ့ဖြိုးလာတဲ့သဘောက လူ့အခွင့်အရေးအပေါ် အချို့သော အကြမ်းဖက်မှုတွေကိုနိုင်ငံတကာ ခုံရုံးမရောက်ခင်  နိုင်ငံတကာဥပဒေ အောက်မှာပဲ တရားစွဲဆိုနိုင်တယ်ဆိုတာကို အသိအမှတ်ပြုထားတယ်။ ကုလသမ္မဂ္ဂလုံ ခြုံရေးကောင်စီက ၁၉၉၀ကာလများကာလရောက်မှ ယူဂိုစလားဗီးယားနဲ့ ရ၀မ်ဒါတို့ရဲ့ သတ်ဖြတ်မှုတွေအတွက် ခုံရုံးအသီးသီးတည်ထောင် တရားစီရင်နိုင်ခဲ့တာပါ။  ဒီအချိန်မှာတော့ ခုံရုံက ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ ရာဇ၀တ်မှုမျိုးအတွက် တရားစီရင်မှု မလုပ်ပဲ ၊ နိုင်ငံတကာရာဇ၀တ်မှုအမျိုးအစားထဲမှာ ထည့်ပြီး မျိုးဖြုတ်သတ်ဖြတ်မှု ၊ လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်မှု ၊နဲ့ စစ်ရာဇ၀တ်မှုတွေ အဖြစ် လူတစ်ဦးချင်းစီကို အပြစ်ပေးခဲ့တယ်။                         နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးဟာ ၂၀၀၂ မှာ စတင်တည်ရှိလာတယ်။ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇ၀တ်ပြစ်မှုတွေအတွက် တစ်သီးပုဂ္ဂလတစ်ဦးချင်းစီကိုတောင် တရားစီရင်နေပြီ။ နိုင်ငံတကာရာဇ၀တ်ခုံရုံးဟာ တရားရုံးဥပဒေကို ကျူးလွန်သူ ဘယ်သူ့ကို မဆို ရာဇ၀တ်မှုအနေနဲ့ စီရင်မှာဖြစ်တယ် ။ ဒီလိုစီရင်ခဲ့တဲ့ အမှုပေါင်းဟာ အာဖဂန်နစ်စတန်၊ သြစတြီးယား ၊ ဘာရမ်ဒီ၊  ကနေဒါ ၊ ကိုလံဘီယာ ၊ကွန်ဂို ၊ ဂျာမနီ၊ အီတလီ ၊ဂျော်ဒန်၊ လစ်ဘားရီယား၊ နိုင်ဂျီးရီယား၊ ပီရူး၊ ဆီနီဂေါ၊ သီရိလင်္ကာ၊ ယူဂန်ဒါ၊ နဲ့ဗြိတိန်အပါအ၀င် အမှုပေါင်း၁၀၀ကျော်ကို စီရင်ပြီးသွားပြီ။ ဒါ့အပြင် လုံခြုံရေးကောင်စီက အခြေအနေတစ်ရပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီးလို့ ယူဆရင်  နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ တရားစွဲဆိုမှုအတွက် စုံစမ်းစစ်ဆေးမယ့်အခြေအနေတစ်ခုဆီလွဲပေးနိုင်တယ်။ နောက် မျိုးဖြုတ်သတ်ဖြတ်မှု ၊ လူသားဆန်မှုကိုဆန့်ကျင်သောရာဇ၀တ်မှု ဒါမှမဟုတ် စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုနိုင်တယ်။ ဒါမျိုးကို ၂၀၀၅ ဒါဖာ(ဆူဒန်)မှာ ဖြစ်ပွားခဲ့တယ်။  အခုစာအုပ်ကိုရေးနေတဲ့ အချိန်မှာတောင် ခုံရုံးတရားစွဲဆိုသူတွေက ယူဂန်ဒါနဲ့ ကွန်ဂိုမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးနေတယ်။  ပထမဆုံးဖမ်းလိုက်တာက  ထောမတ် လူမန်ဂိုဒိုင်ယီလို ဖြစ်ပြီးစစ်ရာဇ၀တ်မှုနဲ့ တရားစွဲခံ၇တာဖြစ်တယ်။အသက်၁၅နှစ်အောက်ကလေးတွေ အတင်းအကြပ်စစ်မှုထမ်းစေပြီး စစ်ပွဲအတွက် အသုံးပြုတဲ့ အတွက် ရုံးတင်ခံရတာပါ။ 

ဟိန္ဒူ မိသားစုဥပဒေ


မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-
         (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။
ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။
သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။
ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်းပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။
ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။
သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံးဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသောသွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများအကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။
ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။
ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။
ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။
ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

Monday, September 6, 2010

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and democracy) တွင်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တက်ရောက်ကြသော ကိုယ်စားလှယ်တော်ကြီးများသည် အင်တာနက် လွတ်လပ်ခွင့် နှင့်ပတ်သတ်၍ ဆွေးနွေးပြီး အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်သည့် ကြေညာချက် ကိုချမှတ်နိုင်ခဲ့သည်။

လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် နှင့် ထုတ်ဖော်ပိုင်ခွင့် ကိုပြဋ္ဌာန်းပေးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on the Civil and Political rights- ICCPR) တို့၏ လမ်းညွှန်ချက်အရ ဆောင်ရွတ်ခဲ့ကြသည်။ ယင်းစာချုပ်များတွင် လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိခြင်း၊ မီဒီယာများမှ သတင်းအချက်အလက်များ၊ အတွေးအခေါ်များ ကိုအတားအဆီးမရှိ ရှာဖွေနိုင်ခြင်း၊ ရယူနိုင်ခြင်း နှင့် ဖြန့်ဝေနိုင်ခြင်းတို့ ပါဝင်ပါသည်။

အင်တာနက် (Internet) ကိုအတွေးအခေါ်များဖလှယ်ရာ နှင့် ကူးလူးဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာ နေရာလေးတစ်ခု (a universal space) အဖြစ် အသိအမှတ်ပြုလာကြသည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီ အနေအထား နှင့် စီးပွားရေး အခြေအနေများကို ထောက်ထားစရာမလိုဘဲ လူအချင်းချင်း အပြန်အလှန် နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကို မြှင့်တင်ပေးနိုင်သည်။

အင်တာနက် (Internet) သည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများရှိ လူမှုဘဝ အစိတ်အပိုင်း အားလုံး၏ ကူးလူးဆက်သွယ်ရေး အတွက် အရေးပါသော ယာဉ်တစ်မျိုး (a primary vehicle) ဖြစ်လာနေသည်။ အင်တာနက် ကိုအဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး နှင့် ပွင့်လင်းမှု လိုကြောင်းကိုလည်း သတိထားမိလာကြသည်။

အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင် ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟုလည်း ယုံကြည်လာကြသည်။

ကမ္ဘာ့ဒေသ အများစုတွင် အင်တာနက် (Internet) လွတ်လပ်ခွင့် အခြေအနေများသည် အန္တာရာယ်ရှိလာနေပြီး တားဆီးတိုက်ခိုက်မှုကို ခံနေကြရကြောင်း ကိုလည်း သတိပေးမှုများ ရှိလာကြသည်။

အင်တာနက် (Internet) ကိုထိန်းချုပ်ဖို့ နှင့် တားမြစ်ကန့်သတ်မှုများ လုပ်ရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းနှင့် နည်းပညာများ အသုံးချခြင်းသည် အခြေအနေဆိုး ကိုသာ ဖန်တီးသလိုဖြစ်နေသည်ကို အသိအမှတ် ပြုလာကြသည်။

လူတစ်ဦးတယောက်၏ အတွေးအခေါ်ကို နှိပ်ကွပ်လိုသဖြင့် ဝက်စ်ဆိုက်များ (Websites)၊ အွန်လိုင်းစာများ (Online content)၊ ဘလော့ခ်များ (Blogs)၊ နှင့် မက်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) များကို ကန့်သတ်စီစစ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပိတ်ပင်ခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် ၁၉ ကိုချိုးဖောက်ရာ ရောက်နေသည်ဟုလည်း အခိုင်အမာ ဆိုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) ကို နိုင်ငံအားလုံးက လိုက်နာကျင့်သုံးရန် ဝတ္တရားရှိသည် ဟုလည်း အသိအမှတ်ပြုလာကြသည်။

အင်တာနက် နည်းပညာများ လုံခြုံစိတ်ချရပြီး လွတ်လပ်စွာ အသုံပြုနိုင်သော နိုင်ငံများ အနေနဲ့လည်း အင်တာနက်ကို ဖိနှိပ်လိုသော၊ တားမြစ်ပိတ်ပင်လိုသော သဘောရှိသည့် ဆက်သွယ်ရေး နည်းပညာများကိုလည်း တားဆီးပေးရန် ဝတ္တရားရှိသည်။ ထိုပြင် အင်တာနက် ကုမ္ပဏီများ (Internet companies) ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံဖော်ကြံဖက်လုပ်ခြင်း (Complicity) ၊ တာဝန်ယူပေးခြင်း (Liability) များမှ ရှောင်ရှားနိုင်ရန် သင့်တော်သော ခြေလှမ်းများကို ဆောင်ရွတ်ထားသင့်သည်ကို အလေးထားလာကြသည်။

ယနေ့အခါတွင် လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ ရုန်းကန်မှုသည် အင်တာနက် (Internet) အဖြစ် အွန်လိုင်းပေါ်သို့ ရွေ့ပြောင်းလာကြသည်။ အင်တာနက်သည် တကမ္ဘာလုံးရှိ နိုင်ငံရေး အတိုက်အခံများ၊ ဒီမိုကရေစီ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူများ နှင့် လွတ်လပ်သော ဂျာနယ်လစ်များ အတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနေသည်ကို အသိအမှတ် ပြုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များ နှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။

အီယူ (EU) ၏ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း လွတ်လပ်ခွင့် အက်ဥပဒေ (EU Global Online Freedom Act) နှင့်ဆက်စပ်သော ဥရောပ ပါလီမန်၏ ၂၀၀၈ ညွှန်ကြားချက် (2008 directive of the European Parliament) ကို သတိထားလာကြသည်။ ယင်းတွင် Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam နိုင်ငံများတွင် ဆိုက်ဘာ ရဲများ (cyber police) နှင့် မှတ်ပုံတင်ခြင်း (registration) များမှတဆင့် အင်တာနက် အသုံးပြုသူများကို ခြိမ်းခြောက်ခြင်း၊ စီစစ်ဟန့်တားခြင်း၊ ဝက်စ်ဆိုက်များ (websites) ကို ပိတ်ပစ်ခြင်းဖြင့် အင်တာနက်ကို ဆင်ဆာလုပ်နေကြောင်း ဖော်ပြလာကြသည်။

တရုတ်နိုင်ငံတွင် အာဏာပိုင်များက ကွန်ပြူတာများကို သိမ်းဆည်းခြင်း၊ အွန်လိုင်းများမှတဆင့် သတင်း အချက်အလက် ဖလှယ်သူများကို ထောင်ချနေခြင်း၊ ဘလော့ခ်များ (Blogs) နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများ (online service) ကို ပိတ်ပစ်ဖျောက်ဖျက်နေခြင်း၊ အွန်လိုင်း လှုပ်ရှားမှုများကြောင့် ဂျာနယ်လစ်များ နှင့် လူမှုရေးဆောင်ရွတ်နေသူများ ကို အကျဉ်းချခံနေရမှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြလာကြသည်။

အီရန်နိုင်ငံတွင် အာဏာပိုင်များက အင်တာနက် လိုင်းကြောင်းများ (Internet traffic) ကို ဖြတ်တောက်ခြင်း၊ အီးလ်မေး လမ်းကြောင်းများ (Email providers) နှင့် မတ်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) ကို ရပ်ဆိုင်းပစ်ခြင်းဖြင့် လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုကို နှိပ်ကွပ်ဖို့ ဆောင်ရွတ်နေသည်။ ထိုပြင် အစိုးရကို ဆန့်ကျင်စော်ကားပြီး မုသား ဖြန့်ဖြူးနေသူများ (“insults and spreading of lies”) စွပ်စွဲချက်ဖြင့် အင်တာနက် အသုံးပြုသူများ (Internet users) ကို ခြေရာခံရန် အထူးရဲများ ထားရှိနေမှုအပေါ် သတိပေးလာကြသည်။

ကျုးဘားနိုင်ငံတွင် အာဏာပိုင်များက အင်တာနက် အသုံးပြုမှုအပေါ် အခွန်အခများ၊ အနည်းငယ်သော အများပြည်သူသုံးနေရာများသာ ပေးထားခြင်း၊ လိုင်းအားနှေးကွေးခြင်း နှင့် အင်တာနက် ဝန်ဆောင်မှုကို အစိုးရပိုင် လုပ်ထားခြင်းဖြင့် အလုံးစုံနီးပါး တင်းကြပ်ထားခြင်း (near-total restrictions) အတွက် အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြလာကြသည်။

ထိုထိုသော အကြောင်းရင်းများကြောင့် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း (Declaration on Internet freedom) ကို ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ (Switzerland)၊ ဂျီနီဗာမြို့ (Geneva) တွင် အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ကုလသမဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) ၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပွဲကြီးတွင် ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံ အားပေးရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး ကို ထောက်ခံအားပေးလိုစိတ် ရှိသူများကလည်း အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် အလားတူ ကြေငြာချက်များ (Declarations)၊ ဆုံးဖြတ်ချက်များ (Resolutions) နှင့် ထုတ်ပြန်ချက်များ (Statements) များထုတ်ပြန်ကြရန် နှင့် ကုလသမဂ (United Nations) သို့တင်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) တွင် အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်ပါသည်။

အပိုဒ် (၁) လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု (သို့) ပထဝီဆိုင်ရာ အနေအထား ခွဲခြားမှုမရှိ အင်တာနက် (Internet) ကို ညီတူညီမျှ အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) လူတိုင်း ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် နှင့် သတင်းအချက်အလက်များ စီးဆင်းပိုင်ခွင့်ရှိသည်။

အပိုဒ် (၃) လူတိုင်း လိုင်စင်လုပ်ခြင်း (သို့) တားမြစ်ခြင်း နှင့် အခွန်အခများ အဆမတန်ကောက်ခံခြင်း စသည်ဖြင့် ခွဲခြားဆက်ဆံမှု မရှိဘဲ အင်တာနက်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၄) လူတိုင်းတွင် သူတို့၏ အတတ်ပညာ ပိုင်ဆိုင်မှု (Intellectual property) ကို ထိန်းသိမ်း ကာကွယ်ပိုင်ခွင့်ရှိသည်။ ကျုးကျော်ခြင်း၊ သိမ်းဆီးခြင်း (သို့) ထိန်းချုပ်ခြင်းမှ ကင်းလွတ်နေရမည်။

အပိုဒ် (၅) လူတိုင်းတွင် အင်တာနက် အသုံးချခြင်း၊ အင်တာနက် အဆောက်အအုံများ နှင့် အင်တာနက် ကူးလူးဆက်သွယ်ချက်များကို အစိုးရမှ သိမ်းဆီး ထိန်းချုပ်ခြင်းမှ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၆) လူတိုင်းတွင် နိုင်ငံတော် (သို့) အခြားအဖွဲ့တခုခုမှ အတင်းဝင်ရောက် ထိန်းချုပ်ခြင်းမှ ကင်းလွတ်စေရန် နာမည်ဝှက် (Anonymity) (သို့) အွန်လိုင်း နာမည် (Online privacy) ပေးပိုင်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းတွင် သူတို့၏ အမှတ်အသားများ (Identities) နှင့် အချက်အလက်များ လုံခြုံရေးအတွက် စာဝှက်သုံးခြင်း (Encryption) နှင့် ကာကွယ်ပိုင်ခွင့်များရှိသည်။

အပိုဒ် (၈) လူ့အခွင့်အရေး ချိုးဖောက်ရန် ရည်ရွယ်၍ အင်တာနက် အသုံးပြုခြင်း နှင့် အင်တာနက် ဆက်သွယ်ရေး များကို ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာများ (Technologies)၊ ပစ္စည်းများ (Equipments)၊ ဆော့လ်ဝဲလ် များ (Software) ကို တင်ပို့ရောင်းချခြင်းကို မည်သူကိုမျှ ခွင့်ပြုမထားသင့်ပေ။

အပိုဒ် (၉) အင်တာနက် ကုမ္ပဏီများ (Internet providers) ကလည်း အစိုးရများ၊ ကော်ပိုရေးရှင်းများ နှင့် တတိယအဖွဲ့အစည်းများ (Third parties) သို့ အင်တာနက် အသုံးပြုသူများ ၏ သတင်းအချက်အလက်များကို သူတို့၏ အလိုဆန္ဒမပါဘဲ မပေးပို့သင့်ပေ။

အပိုဒ် (၁၀) ကန့်သတ်တားဆီးမှုများ (သို့မဟုတ်) ခြိမ်းခြောက် အကြပ်ကိုင်မှုများ မရှိဘဲ အင်တာနက်ကို ဆင်ဆာမရှိ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။


အပိုဒ် (၁၁) အင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များသည် အကျိုးအကြောင်းဆီလျှော်သော ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းတို့ကို လွတ်လပ်၍ ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းမှာသာ အထင်အရှား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယင်းအင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီးစေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မပါဝင်ပါ။

Adopted by consensus, Geneva, March 9, 2010


ဆီလျော်အောင် ဘာသာပြန်သူ…ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ
၉. သြဂုတ်လ.၂၀၁၀


GENEVA DECLARATION ON INTERNET FREEDOM
09 March 2010

GENEVA DECLARATION ON INTERNET FREEDOM

Adopted by the Human Rights Defenders and Civil Society Representatives assembled
at the 2nd Geneva Summit for Human Rights, Tolerance and Democracy, March 9, 2010.

Preamble

We, human rights defenders and representatives of civil society from all regions of the world, having assembled here at the Second Geneva Summit for Human Rights, Tolerance and Democracy,

Guided by the Universal Declaration of Human Rights and the International Covenant on Civil and Political Rights, which guarantee the right to freedom of opinion and expression, including the freedom to hold opinions without interference, and to seek, receive and impart information and ideas through any media and regardless of frontiers,

Recognizing that the Internet is a universal space for communication and the exchange of ideas that can promote freedom and mutual understanding among all people, regardless of race, religion, geography or economic status,

Mindful that the Internet has become a primary vehicle for communication in all sectors of life in a globalized economic and civil society, requiring its transparency and openness to function properly,

Believing that the preservation of a free Internet is essential to the full enjoyment of human rights, civil liberties and a free and democratic society,

Alarmed that the situation of Internet freedom in many regions of the world is increasingly perilous and under assault,

Acknowledging that the intimidation and the use of technologies aimed at the restriction and monitoring of Internet creates an environment of repression,

Affirming that suppression of independent thought by filtering, monitoring and censoring of websites, online content, blogs and messaging services constitutes a violation of Article 19 of the Universal Declaration of Human Rights,

Recognizing that all countries have obligations to guarantee Internet freedom,

Emphasizing that countries which enjoy secure and open Internet technologies are obliged to prevent exported communications technologies from being used as a vehicle for suppression and censorship, and that Internet companies should take reasonable steps to avoid complicity with, and liability for, violations of human rights,

Recognizing that the struggle for freedom of expression has today largely shifted online as the Internet has become the means of choice for political dissidents, democracy activists, human rights defenders and independent journalists worldwide,

Considering that there are particular countries in which the situation of Internet freedom is under a grave and gathering threat, with imprisoned political dissidents, journalists and bloggers who are in urgent need of protection by the international community,

Recalling the proposed 2008 Directive of the European Parliament concerning the EU Global Online Freedom Act, in particular its finding that authoritarian states such as Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam censor the internet by blocking websites and filtering search results and intimidate internet users through cyber police and obliged registration,

Deeply concerned that authorities in China have seized computers, imprisoned individuals for sharing information online, blocked and deleted blogs and other online services, and incarcerated journalists and social activists for online activity,

Alarmed that authorities in Iran have acted to suppress the free flow of information by blockading Internet traffic and suspending email providers and messaging services, and have created a special police division to hunt down Internet users suspected of so-called “insults and spreading of lies” against the regime,

Deeply disturbed that authorities in Cuba imposed near-total restrictions on access through prohibitive user fees, few public access points and slow connection speeds, and restricted distribution of service to a state-controlled provider,

Decide to hereby adopt this Declaration on Internet Freedom, in Geneva, Switzerland, on March 9, 2010;

Urge the United Nations Human Rights Council, now meeting in its 13th Regular Session, to endorse this Declaration and support the cause of Internet freedom in the face of repression;

Urge all other relevant United Nations and international bodies to endorse this Declaration and support the cause of Internet freedom in the face of repression;

Urge all like-minded supporters of freedom, human rights and democracy to adopt similar declarations, resolutions, or other statements to support the cause of Internet freedom in the face of repression, and urge that these be submitted to the United Nations.

Article 1
Everyone has the right to equal access to the Internet, regardless of race, religion, ethnic or geographical origin.

Article 2
Everyone has the right to the free flow of information and freedom of expression without fear of discrimination.

Article 3
Everyone has the right to a transparent and open Internet without the subjection of individual licensing or prohibitive, discriminatory requirements such as heavy tolls.

Article 4
Everyone has the right to preserve and protect their intellectual property, kept private and confidential from invasion, seizure or monitoring.

Article 5
Everyone has a right to protect Internet access, Internet infrastructure and communication technologies from government seizure.

Article 6
Everyone has a right to anonymity and online privacy, free from intrusive monitoring by the state or third parties.

Article 7
Everyone has the right to encrypt or otherwise secure their identities and the security of their information as it travels across the Internet, to protect themselves and their information from unwarranted monitoring.

Article 8
No one should be allowed to export or sell technologies, equipment or software that enables the restriction of Internet use or access for the purpose of violating human rights.

Article 9
Internet providers should not be allowed to provide governments, corporations or third parties any information about their users without their legal consent.

Article 10
Any attempt to restrict or intimidate people from free, uncensored, and secure access of the Internet constitutes a fundamental abridgement of human rights and undermines the promotion of peace and world order.

Article 11
The rights and freedoms set out in this Declaration are guaranteed subject only to such reasonable limits, prescribed by law, as can be demonstrably justified in a free and democratic society. Nothing in this Declaration may be interpreted as implying for any person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set forth in the Universal Declaration of Human Rights.

Adopted by consensus, Geneva, March 9, 2010

Shared by Blogger Demowaiyen, Alinsek and Kamikaze
Posted by အလင်းဆက် at 6:23 PM